JCB Platinum Airport
Lounge ဝန်ဆောင်မှု

JCB သည် မြန်မာနိုင်ငံတွင်ထုတ်ပေးထားသော ကတ်များကိုင်ဆောင်သည့် JCB Platinum မန်ဘာများအတွက် သက်သောင့်သက်သာဖြစ်စေသော ဝန်ဆောင်မှုကို ဆောင်ရွက်ပေးပါသည်။

JCB သည် LoungeKey™ ဝန်ဆောင်မှုများကို (ဂျပန်နိုင်ငံနှင့် ဟာဝိုင်ယီပြည်နယ်ပြင်ပရှိ lounge များအတွက်) သာမက ဂျပန်နိုင်ငံနှင့် ဟာဝိုင်ယီပြည်နယ်ရှိ လေဆိပ် lounge ဝန်ဆောင်မှုများကိုလည်း ပေးစွမ်းလျက်ရှိပါသည်။ ဤဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များ ပိုမိုရယူရန် အောက်ပါတို့ကို ဖတ်ရှုပါ။

LoungeKey™ ဝန်ဆောင်မှုများ

Covid-19 ကြောင့် လေဆိပ် နားနေခန်းများကို ယာယီပိတ်ထားနိုင်သည်၊ သို့မဟုတ် ပေးအပ်သော ဝန်ဆောင်မှုများတွင် အပြောင်းအလဲများ ရှိနိုင်သည်။ နောက်ဆုံးရ အချက်အလက်များအတွက် LoungeKey™ ဝဘ်ဆိုက်ကို ကြည့်ရှုပါ။

LoungeKey™ ဝန်ဆောင်မှုကို အသုံးပြုလိုကြောင်း lounge ဝင်ပေါက်ရှိ ဝန်ထမ်းအား အသိပေးပါ။

ဝန်ဆောင်မှု အသေးစိတ်

JCB Platinum ကတ်မန်ဘာများ (မြန်မာနိုင်ငံတွင် ထုတ်ပေးထားသော ကတ်များအတွက်) သည် JCB-ရွေးချယ်ထားသော lounge များတွင် LoungeKey™ ဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။ပြန်လည်မထွက်ခွာမီ ခေတ္တပြန်လည်အနားယူလိုက်ပါ။
JCB မှ ရွေးချယ်ထားသော lounge များကို JCB Platinum ကတ်တစ်ခုစီအတွက် အခမဲ့အသုံးပြုနိုင်ပါသည်။
သင်နှင့်အတူ အခြားဧည့်သည်များခေါ်ဆောင်လာခြင်းအတွက် လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၂ ဒေါ်လာကောက်ခံမည်ဖြစ်ကြောင်း သတိပြုပါ။
ဤအထူးအခွင့်အရေးသည် JCB Platinum ကတ်သုံးစွဲသူများအတွက်သာ အကျုံးဝင်ပြီး အခြားသူများကို လွှဲပြောင်းပေး၍ မရနိုင်ပါ။
မှတ်ချက်- အသုံးပြုမှုဆိုင်ရာ စည်းကမ်းများသည် သင့်ကတ်အပေါ်မူတည်ပြီး အပြောင်းအလဲရှိပါလိမ့်မည်။ (၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် - ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်)

LoungeKey™ ဆိုတာဘာလဲ။

LoungeKey™ သည် လေဆိပ်နားနေခန်းများကို ဝင်ရောက်အသုံးပြုခွင့်ရရှိစေမည့် ဝန်ဆောင်မှုဖြစ်ပါသည်။ သင်က "LoungeKey" ကို အသုံးပြုလိုကြောင်း Lounge ဝန်ထမ်းများကို အသိပေးပြီး သင်၏ လေယာဉ်စီးနင်းခွင့်ကတ်ကို သင်၏ JCB Platinum ကတ်နှင့်အတူ ပြသရုံသာဖြစ်သည်။
လူတစ်ဦးချင်းစုပေါင်းနေထိုင်ခြင်းနှင့် သတ်မှတ်ထားသော အခမဲ့ရရှိသည့်အရေအတွက် ကျော်လွန်သွားပြီးဖြစ်သော lounge သို့ လာရောက်လည်ပတ်မှုများအတွက် လူတစ်ဦးလျှင် ၃၂ ဒေါ်လာ ကျသင့်မည်ဖြစ်ပြီး ၎င်းအဖိုးအခကို နောက်တစ်နေ့မှ ကောက်ခံမည်ဖြစ်ပါသည်။
စားစရာ၊ သောက်စရာနှင့် အင်တာနက်အသုံးပြုခွင့်တို့ကိုလည်း ရရှိနိုင်ပါသည်။
မှတ်ချက်- lounge တစ်ခုစီတွင် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများမှာ ကွဲပြားမှုရှိနိုင်ပါသည်။
မှတ်ချက်- အချို့ဝန်ဆောင်မှုများအတွက် ငွေကြေးကောက်ခံမည်ဖြစ်သည်။

LoungeKey™ ကို အသုံးပြုခွင့်

  • "LoungeKey" ကို သင်အသုံးပြုလိုကြောင်း Lounge ဝန်ထမ်းများကို အသိပေးပြီး သင်၏ လေယာဉ်စီးနင်းခွင့်ကတ်ကို သင်၏ JCB Platinum ကတ်နှင့်အတူ ပြသပါ။

  • သင်၏ လေယာဉ်စီးနင်းခွင့်လက်မှတ် သို့မဟုတ် လေယာဉ်လက်မှတ်ပေါ်ရှိ အမည်သည် သင့်ကတ်ပေါ်ရှိ အမည်နှင့် တူညီရမည်ဖြစ်ပါသည်။

  • အခမဲ့အသုံးပြုနိုင်သည့် lounge တစ်ခုကို အသုံးပြုသည့်အခါ သင့်ကတ်အား မှန်ကန်ကြောင်း အတည်ပြုရန် ခရစ်ဒစ်ကတ်မှ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို နှုတ်ယူထိန်းသိမ်းထားမည်ဖြစ်သည်။
    ဤငွေပမာဏကို ထိန်းသိမ်းမှုကာလပြီးဆုံးသည့်အခါ ဝန်ဆောင်မှုပံ့ပိုးသူမှ ငွေပြန်အမ်းမည်ဖြစ်ပါသည် (ထိန်းသိမ်းမှုကာလကို ဝန်ဆောင်မှုပံ့ပိုးသူမှ ဆုံးဖြတ်ပါသည်)
    သင်သည် ဒက်ဘစ်ကတ် (ဘဏ်မှ တိုက်ရိုက်ပေးဆောင်သည့်ကတ်) အသုံးပြုပါက အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို သင့်ဘဏ်အကောင့်မှ ထုတ်ယူမည်ဖြစ်သည်။ ဤငွေပမာဏကို နောင်အခါ ငွေပြန်အမ်းမည်ဖြစ်ပါသည်။

  • နားနေခန်းအချက်အလက်များနှင့်တကွ နားနေခန်းများကို သွားရောက်ခဲ့သည့်အကြိမ်ရေကို ကြည့်ရှုရန် LoungeKey အကောင့်တစ်ခုအတွက် မှတ်ပုံတင်ပြီး LoungeKey ဝဘ်ဆိုက်နှင့် မိုဘိုင်းအက်ပ်ကို သုံးပါ။
    မှတ်ပုံတင်ချိန်တွင် အမေရိကန်ဒေါ်လာ ၃.၂၅ ကို စရန်ငွေအဖြစ် ရယူထားမည်ဖြစ်ပြီး နောင်တွင် ပြန်လည်ပေးအပ်ပါမည်။ ဒက်ဘစ်ကတ် စာရင်းသွင်းချိန်တွင် သင့်ဘဏ်အကောင့်မှ အမေရိကန်ဒေါ်လာ ၃.၂၅ ကို နုတ်ယူမည်ဖြစ်ပြီး နောင်တွင် ငွေပြန်အမ်းပါမည်။

LoungeKey™ ဝဘ်ဆိုက်[အင်္ဂလိပ်ဘာသာဖြင့်သာ]

မှတ်ချက်များ

  • တည်းခိုသူများ ပြည့်နှက်သည့်အခါ အချို့ lounge များကို အသုံးပြုနိုင်မည် မဟုတ်ပါ။

  • ကျွန်ုပ်တို့သည် အချိန်ကန့်သတ်ချက်များ၊ လုပ်ငန်းလုပ်ဆောင်ချိန် အပြောင်းအလဲများ စသည်တို့ကို Customer များသို့ ကြိုတင်သတိပေးနိုင်လိမ့်မည် မဟုတ်ပါ။

  • အတူလိုက်ပါသည့် ဧည့်သည်များအတွက် နောက်ပိုင်းတွင် လူတစ်ဦးလျှင် USD 32 ကောက်ခံမည်ဖြစ်ကြောင်း သတိပြုပါ။ ကတ်ထုတ်ပြန်ချက်တွင် "LOUNGEKEY.COM" ဟု ပြသမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သည့် တည်နေရာသည် ဟောင်ကောင်တွင် တည်ရှိပါမည်။

  • လေဆိပ်တိုင်းတွင် နားနေခန်းအများအပြား ရှိသည်။ လေဆိပ် နားနေခန်းဝန်ထမ်းများသည် မည်သည့်နားနေခန်းများက JCB ပေးအပ်သည့် ဝန်ဆောင်မှုများတွင် အကျုံးဝင်ကြောင်း အကြံပေးနိုင်မည်မဟုတ်ပါ။

  • အချို့ lounge များသည် လုံခြုံရေးနယ်မြေ၏ အပြင်ဘက်တွင် တည်ရှိပါသည်။

  • ကတ်ပေါ်တွင် ပါရှိသည့် အမည်ပိုင်ရှင် ကတ်မင်ဘာများအတွက်သာ အသုံးပြုနိုင်ပါသည်။

  • ဝန်ဆောင်မှုပေးနိုင်ရန် LoungeKey Inc. သည် ဒေတာထိန်းချုပ်သူတစ်ဦးအဖြစ် သင်၏ LoungeKey အကောင့် သို့မဟုတ် LoungeKey မိုဘိုင်းအက်ပ်အတွက် သင် မှတ်ပုံတင်သော 'ကိုယ်ရေး အချက်အလက်များ' (LoungeKey Inc. ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် အသေးစိတ်ဖော်ပြထားသော ကတ်နံပါတ်၊ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် စသည်နှင့်တကွ ထိုကဲ့သို့ အခြား 'ကိုယ်ရေးအချက်အလက်များ') ကို စုဆောင်းပြီး အသုံးပြုသည်။
    ထိုအပြုအမူ၊ အချက်အလက်များကို စုဆောင်းခြင်း၊ မျှဝေရခြင်း ရည်ရွယ်ချက်တို့နှင့် ပတ်သက်ပြီး ထပ်မံသိလိုပါက LoungeKey Inc. ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ဝန်ဆောင်မှုစည်းမျဉ်းများကို ဖတ်ရှုပြီး အတည်ပြုပါ။
    LoungeKey Inc. ကိုယ်ရေးလုံခြုံမှု မူဝါဒ/ ဝန်ဆောင်မှုစည်းမျဉ်းများကို ဖတ်ရှုပြီး ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းဖြင့် သင်သည် အထက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုများကို သေချာစွာဖတ်ရှု၍ အပြည့်အဝနားလည်ပြီးဖြစ်ကာ ကျွန်ုပ်တို့က အချက်အလက်များအား အသုံးပြုမှုနှင့် မျှဝေခြင်းတို့နှင့် စပ်လျဉ်းသည့် စည်းမျဉ်းများကို သဘောတူကြောင်း ဤနေရာတွင် အတည်ပြုရာရောက်သည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒ(140KB)

ဝန်ဆောင်မှုစည်းမျဉ်းများ[အင်္ဂလိပ်ဘာသာဖြင့်သာ]

  • ဤအချက်အလက်များသည် ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ မှန်ကန်မှုရှိသည်။ ဝန်ဆောင်မှု အပြောင်းအလဲပြုလုပ်ခြင်း၊ သို့မဟုတ် ရပ်ဆိုင်းခြင်းကို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြုလုပ်နိုင်သည်။

  • မြန်မာနိုင်ငံတွင် ထုတ်ပေးထားသော JCB ကတ်များသည် အောက်တွင်ဖော်ပြထားသော လေဆိပ် lounge များတွင်သာ LoungeKey™ ဝန်ဆောင်မှုကို အခမဲ့ အသုံးပြုခွင့်ရှိသည်။

  • မြန်မာနိုင်ငံတွင် ထုတ်ပေးထားသော JCB ကတ်များအတွက် ဤစာမျက်နှာရှိ အကြောင်းအရာများသာ သက်ရောက်မှုရှိသည်။ ဝဘ်စာမျက်နှာများတွင် အခြားဘာသာစကားဖြင့် ဖော်ပြထားသော အကြောင်းအရာသည် သက်ရောက်မှု မရှိပါ။

LoungeKey™ ဝန်ဆောင်မှု၏သက်ဆိုင်သောနားနေခန်းများ

တရုတ်နိုင်ငံ

  • ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - First Class Lounge (No.73) (Terminal 2)
  • ပေကျင်းမြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - BGS Premier Lounge (Terminal 3E)
  • - BGS Premier Lounge (Terminal 2)
  • Guangzhou baiyun အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - CITIC Food Port (Terminal 2)

ထိုင်းနိုင်ငံ

  • သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်
  • - Miracle First Class Lounge (International Concourse A)
  • - Miracle First Class Lounge (International Concourse C)
  • - Miracle First Class Lounge (International Concourse F)
  • - Miracle First Class Lounge (International Concourse G, Level 4, opposite Gate 2 (West Side))
  • - Miracle First Class Lounge (International Concourse G, Level 3, opposite Gate 2 (West Side))
  • - Miracle First Class Lounge (International Concourse G, Level 3 (West Side))

ကိုရီးယားနိုင်ငံ

  • အင်ချွန်း နိုင်ငံတကာလေဆိပ်
  • - SKY HUB Lounge (Terminal 1, Airside - East Wing)
  • - SKY HUB Lounge (Terminal 1, Airside - West Wing)
  • - Matina Lounge (Terminal 1, Airside - East Wing)
  • - Matina Lounge (Terminal 1, Airside - West Wing)

စင်္ကာပူနိုင်ငံ

  • စင်္ကာပူချန်ဂီ လေဆိပ်
  • - SATS Premier Lounge (Terminal 1)
  • - SATS Premier Lounge (Terminal 3)
  • - Blossom Lounge (Terminal 4)

ဂျာမနီနိုင်ငံ

  • ဖရန့်ဖို့တ် အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - LUXX Lounge (Terminal 1)
  • - Priority Lounge (Terminal 2)

ထိုင်ဝမ်နိုင်ငံ

  • သိုယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - Oriental Club Lounge (Terminal 2)

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ

  • ဟိသ်ရိုး လေဆိပ်
  • - Sky Team Lounge (Terminal 4)

အင်ဒိုနီးရှား

  • ဂျကာတာ Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်
  • - BlueSky Premium Lounge (Terminal 2D)
  • - Saphire Lounge (Terminal 3)

ဂျပန်နိုင်ငံနှင့် ဟာဝိုင်ယီပြည်နယ်ရှိ lounge များ

JCB Gold နှင့်အထက်ကိုင်ဆောင်သူဖြစ်ပါက ဤဝန်ဆောင်မှုကို အခမဲ့အသုံးပြုနိုင်ပါသည်။
ထွက်ခွာမှု သို့မဟုတ် ဆိုက်ရောက်မှုအတွက် lounge များကို လေယာဉ်စီးနင်းခွင့်လက်မှတ်တစ်စောင်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။
Customer များအနေဖြင့် ဂျပန်နိုင်ငံနှင့် ဟာဝိုင်ယီပြည်နယ်အတွင်းရှိ လေဆိပ်နားနေခန်းများကို နှစ်စဉ် အကြိမ်ရေအကန့်အသတ်မရှိ လာရောက်အသုံးပြုနိုင်သည်။

ဂျပန်

ဟာဝိုင်အီ

Daniel K. Inouye International Airport
[အင်္ဂလိပ်ဘာသာဖြင့်သာ]

PDF ဖိုင်များကိုကြည့်ခြင်း

PDF ဖိုင်များကို ဖတ်ရှူရန်အတွက် Adobe Reader (အခမဲ့) ကို ထည့်သွင်းထားရန် လိုပါသည်။
နောက်ဆုံးထွက် Adobe Reader ကို ဒေါင်းလုဒ်လုပ်ရန် အောက်ပါအိုင်ကွန်ကိုနှိပ်ပြီး ဖိုင်များကိုဖွင့်ကြည့်လိုက်ပါ။

Get Adobe Acrobat Reader