ခရီးသွားခြင်း
သင့် JCB ကတ်ဖြင့် ခရီးသွားခြင်း
သင့်နိုင်ငံခြားခရီးစဉ်အတွက် ကျွန်ုပ်တို့ဘက်က ပံ့ပိုးပေးနိုင်မည့် အမျိုးမျိုးသော ဝန်ဆောင်မှုများကို မိတ်ဆက်ပေးလိုပါသည်။
Global

JCB PLAZA
မြို့၏အချက်အချာတွင် စိတ်အပန်းဖြေအနားယူနိုင်မည့် သင့်ကိုယ်ပိုင်သီးသန့်နေရာ။ နိုင်ငံတကာရှိ အဓိကခရီးစဉ်မြို့ကြီးများတွင် JCB ကတ်ကိုင်ဆောင်သူများ သီးသန့်အနားယူနိုင်ရန်အတွက် JCB PLAZA Lounge များ ဖွင့်လှစ်ထားရှိပြီး အခမဲ့ Wi-Fi၊ ဖျော်ရည်များ၊ ခရီးဆောင်အိတ် တစ်ရက် သိမ်းထားပေးခြင်းနှင့် သင့်ခရီးစဉ်တစ်လျှောက် အကောင်းဆုံး ကူညီပေးမည့် သီးသန့် အဖွဲ့ဝန်ဆောင်မှုများကို စီစဉ်ပံ့ပိုးပေးထားပါသည်။

JCB PLAZA Call Center
သင်ခရီးမထွက်မီ JCB Merchants များဖြစ်သော Spa နှင့် စားသောက်ဆိုင်များတွင် ဖုန်းဖြင့် Reservation များပြုလုပ်နိုင်သော အခမဲ့ ဝန်ဆောင်မှု။ လမ်းခရီးတွင် သင့်ဘက်က အကြောင်းတစ်စုံတစ်ရာရှိပါက သို့မဟုတ် အရေးပေါ်အကူအညီလိုအပ်ပါက ကျွန်ုပ်တို့က ကူညီပေးနိုင်ပါသည်။
*တစ်နေ့/၂၄နာရီ။ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်ဘာသာနှင့်သာမက အခြားဘာသာစကားများဖြင့်ပါ ရရှိနိုင်ပါပြီ။

JCB ကားအငှားဝန်ဆောင်မှု
သတ်မှတ်ထားသော နိုင်ငံနှင့် ဒေသများတွင် Hertz Rent-a-Car ကို အသုံးပြုသည့် ကတ်သုံးစွဲသူများအား JCB က အထူးအခွင့်အရေးများ ပေးအပ်သည်။ ကုမ္ပဏီတွင် ယာဉ်မော်ဒယ်အသစ်မျိုးစုံရှိပြီး လုပ်ငန်းသုံး သို့မဟုတ် အပန်းဖြေ ခရီးစဉ်များ အပါအဝင် သင့်ခရီးအစီအစဉ်ပေါ် မူတည်၍ ရွေးချယ်နိုင်သည်။
ဂျပန်

ဂျပန်နိုင်ငံမှ ကြိုဆိုပါ၏
JCB သည် JCB Global WiFi သုံးစွဲခွင့်နှင့် ဂျပန်တွင် ခရီးသွားနေစဉ် အသုံးပြုရန် ဈေးဝယ်လျှော့ဈေးများကဲ့သို့ ကတ်ကိုင်ဆောင်သူများသာ သီးသန့်သုံးစွဲနိုင်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးထားပါသည်။