JCB PLAZA

JCB PLAZAသည် ကမ္ဘာအရပ်ရပ်တွင် ရရှိနိုင်သည့် နိုင်ငံရပ်ခြားဝန်ဆောင်မှုကောင်တာဖြစ်သည်။ JCB PLAZA ဝန်ထမ်းများသည် JCB Merchant များထံတွင် Reservation များပြုလုပ်ခြင်း၊ သင့်ခရီးစဉ်နှင့် စပ်လျဉ်းပြီး သင့်ဘက်က မေးလာနိုင်သည့် မည်သည့်မေးခွန်းကိုမဆို ဖြေကြားပေးခြင်းများကို လှိုက်လှိုက်လှဲလှဲကူညီဆောင်ရွက်ပေးနေပါသည်။

JCB PLAZA တွင် Wi-Fi အခမဲ့သုံးနိုင်ပါပြီ

ကမ္ဘာအရပ်ရပ်ရှိ JCB PLAZA များတွင် Wi-Fi အခမဲ့သုံးနိုင်ပါပြီ။
အဆင်ပြေလွယ်ကူစေရန် လာကြည့်လိုက်ပါ။

Wi-Fi FREE SPOT

JCB PLAZA Lounge

JCB PLAZA Lounge

JCB PLAZA Lounge သည် အထင်ကရမြို့ကြီးများတွင်တည်ရှိပြီး JCB ကတ်ကိုင်ဆောင်ထားသူများလွတ်လွတ်လပ်လပ်အနားယူနိုင်သော နေရာဖြစ်သည်။
JCB PLAZA Lounge တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးသည်။

  • *

    JCB PLAZA Lounge ကိုအောက်ပါ ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။ အင်္ဂလိပ် (ဟိုနိုလူလူ၊ ဂူအမ်၊ စင်ကာပူ၊ ပါရီ၊ ဆိုးလ်၊ ဟောင်ကောင်၊ ဘန်ကောက်) / တရုတ် (တိုင်ပေ၊ ဟောင်ကောင်) / ဂျပန်စာ (JCB PLAZA Lounge အားလုံး)

  • *

    သင့်နိုင်ငံ သို့မဟုတ် နေထိုင်ရာဒေသတွင် ထုတ်ပေးထားသော JCB ကတ် ရှိပါက သင်သည် ယင်းနိုင်ငံ သို့မဟုတ် ဒေသရှိ JCB PLAZA Lounge ကို အသုံးပြုနိုင်မည် မဟုတ်ပါ။

ဝန်ဆောင်မှုများ

Information

သတင်းအချက်အလက်

အကြံပြုထားသည့် JCB ကုန်သည်များနှင့် ဒေသန္တရ ခရီးသွားလုပ်ငန်း/ခရီးသတင်းအချက်အလက်များကို ရှာကြည့်ပါ။

Reservations

ကြိုတင်စာရင်းသွင်းမှုများ

ဟိုတယ်၊ စားသောက်ဆိုင်၊ စိတ်ကြိုက်ခရီး၊ လက်မှတ်မျိုးစုံနှင့် အခြားအရာများကို ကြိုတင်စာရင်းသွင်းမှာယူပါ။ *၁

Emergency Services

အရေးပေါ်ဝန်ဆောင်မှုများ

JCB ကတ်ပျောက်ဆုံးမှု သို့မဟုတ် အခိုးခံရမှုများအတွက် အကူအညီ။ *၂

Internet, free print-out service

အင်တာနက်၊ အခမဲ့ ပရင့်ထုတ်ဝန်ဆောင်မှု

Free wifi

ဝိုင်ဖိုင်အခမဲ့

Read local guidebooks

ဒေသလမ်းညွှန်စာအုပ်များကို ဖတ်ရှုကြည့်ပါ

Free drinks

အခမဲ့အအေးများ

Massage chairs

အနှိပ်ခုံများ

Umbrella rental service

ထီးအငှား ဝန်ဆောင်မှု

Same day baggage check

ဝန်စည်စလှယ်များကို တစ်ရက်တာထိန်းသိမ်းပေးခြင်း *၃*၎

  1. *၁

    အချို့သော ဝန်ဆောင်မှုများကို ဒေသခံခရီးသွားအေဂျင်စီများက တာဝန်ယူ သို့မဟုတ် ပံ့ပိုးနိုင်ပါသည်။ စာရင်းသွင်းမှာယူမှုများကို JCB ၏ လက်အောက်ခံစတိုးဆိုင်များအတွက်သာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။

  2. *၂

    အရေးပေါ်အစားထိုးကတ်များကို JCB PLAZA ရှိရာ နေရာများတွင် ထုတ်ယူ၍ရနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက သင့်ကတ်ကို ထုတ်ပေးခဲ့သည့် ကုမ္ပဏီကို ဆက်သွယ်ပါ။

  3. *၃

    အဖိုးတန်ပစ္စည်းများနှင့် ပြေစာများအပါအဝင် အချို့သော အရာများကို လက်ခံမည်မဟုတ်ပါ။

  4. *၎

    Congestion ကြောင့် ဝန်စည်စလှယ်များကို လက်မခံနိုင်သည့် သို့မဟုတ် လက်ခံပေးနိုင်သည့် ဝန်စည်စလှယ်အရေအတွက်ကို ကန့်သတ်သည့် အခါလည်းရှိကောင်းရှိနိုင်ပါသည်။

အထက်ပါစာရင်းတွင် ဖော်ပြပါရှိသည်များအပြင် အခြားသော မူလဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးပါသည်။
အသေးစိတ်သိရှိလိုပါက JCB PLAZA Lounge သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

  • *

    ဝန်ဆောင်မှုပါအကြောင်းအရာများသည် ပြောင်းလဲနိုင်ပါသည်။

  • *

    JCB PLAZA သို့ ဖုန်းခေါ်ဆိုလျင် သို့မဟုတ် လာရောက်လျင် သင့် JCB ကတ်ကို တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။

တည်နေရာများ