အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်

JCB GLOBAL WEBSITEအသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ

ဤ JCB GLOBAL WEBSITE (ဆိုက်) အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ)တွင် ဤဆိုက်အား အသုံးပြုမှုအပေါ် လွှမ်းမိုးသည့် စည်းကမ်းသတ်မှတ်ချက်များပါဝင်သည်။ ဆိုက်အား အသုံးပြုမှုနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်ပါ ပြဋ္ဌာန်းချက်များကို သေသေချာချာဖတ်ရှုပေးပါ။

၁။စည်းကမ်းချက်များအား လက်ခံခြင်း

ဤဆိုက်ကို အသုံးပြုခြင်းအားဖြင့် သင်သည် ဤစည်းကမ်းချက်များကို ကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက်မရှိ လက်ခံသည်ဟု မှတ်ယူပါမည်။

၂။စည်းကမ်းချက်များအား ပြောင်းလဲခြင်း

JCB သည် ဤစည်းကမ်းချက်များအား ကြိုတင်အသိပေးခြင်း သို့မဟုတ် သဘောတူညီချက်ရယူခြင်းများမရှိဘဲ အခါအားလျော်စွာ ပြောင်းလဲပိုင်ခွင့်ကို လယ်ဝယ်ထိန်းသိမ်းထားသည်။

၃။ဉာဏ်ပစ္စည်းဆိုင်ရာ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

ဤဆိုက်တွင် ထုတ်ပြန်ထားသည့် မည်သည့်အချက်အလက်မဆို၏ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ ပစ္စည်းအမည်များအပါအဝင် ဉာဏ်ပစ္စည်းဆိုင်ရာ ရပိုင်ခွင့်နှင့်အခွင့်အရေးများအားလုံးသည် JCB သို့မဟုတ် JCB နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသည့် ပြင်ပကုမ္ပဏီများ၏ မူပိုင်ဖြစ်သည်။ ဤတွင်ဖော်ပြထားသည့် မည်သည့်အချက်ကမျှ ဤဆိုက်တွင် ထုတ်ပြန်ထားသည့် မည်သည့်အချက်အလက်မဆို၊ JCB ၏ ကုန်ပစ္စည်းအမည်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်အသားများ၊ လိုဂိုများ၊ ဒိုမိန်းအမည်မဆိုအား အသုံးပြုပိုင်ခွင့်ပြုသည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမပြုရ။

၎။အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ

  1. 1.

    သင်သည် ဤဆိုက်တွင် ထုတ်ပြန်ထားသည့် မည်သည့်အချက်အလက်ကိုမဆို ကိုယ်တိုင်အသုံးပြုရန်နှင့် စီးပွားဖြစ်မဟုတ်သော ရည်ရွယ်ချက်များအတွက်သာDownload လုပ်နိုင်ပါသည်။

  2. 2.

    ဤဆိုက်တွင် ထုတ်ပြန်ထားသည့် မည်သည့်အချက်အလက်မဆို JCB ၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်ကို မရရှိဘဲ စီးပွားဖြစ်ရည်ရွယ်ချက်အတွက် အသုံးပြုခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပို့စ်တင်ခြင်းများမပြုရပါ။

  3. 3.

    ဤဆိုက်တွင် တင်ထားသည့် မည်သည့်အချက်အလက်မဆို ကူးယူခြင်း၊ မွမ်းမံခြင်း၊ ဆင်တူယိုးမှားလုပ်ခြင်း၊ ကုဒ်ပြောင်းခြင်း၊ မူရင်းကုဒ်ကို ထုတ်ယူခြင်း သို့မဟုတ် မူပိုင်ခွင့်သင်္ကေတများကို ဖယ်ရှားခြင်းများမပြုလုပ်ရပါ။

  4. 4.

    ဤဆိုက် သို့မဟုတ် ဆိုက်နှင့်သက်ဆိုင်သည့် ဆာဗာများနှင့် ကွန်ရက်များကို အန္တရာယ်ဖြစ်စေမည့် နည်းလမ်းမျိုးဖြင့် ဝင်ရောက်အသုံးပြုခြင်းမပြုရ။

၅။လင့်ခ်များ

ဤဆိုက်တွင် ပြင်ပကုမ္ပဏီများက စီမံခန့်ခွဲသည့် သို့မဟုတ် ထိန်းချုပ်ထားသည့် အခြားဝဘ်ဆိုက်လင့်ခ်များပါရှိသည်။ အဆိုပါလင့်ခ်များ သို့မဟုတ် ချိတ်ဆက်ထားသည့် ဝဘ်ဆိုက်များကို အသုံးပြုမည်ဆိုပါက သင့်တာဝန်သာဖြစ်သည်။ ချိတ်ဆက်ထားသည့် ဝဘ်ဆိုက်များတွင် ထုတ်ပြန်ထားသည့် မည်သည့်သတင်းအချက်အလက်မဆိုအတွက် JCB တွင် တာဝန်မရှိစေရ။

၆။သတင်းအချက်အလက်တိကျမှန်ကန်မှု

JCB သည် ဤဆိုက်တွင် တင်ထားသည့် အချက်အလက်များအား အပ်ဒိတ်လုပ်ပေးသွားနိုင်ရန် ငွေရေးကြေးရေးအခြေအနေအရ ထိုက်သင့်သလို ကြိုးပမ်းသွားမည် ဖြစ်သော်ငြားလည်း အဆိုပါအချက်အလက်များသည် တိကျ၊ ပြည့်စုံပြီး အပ်ဒိတ်ဖြစ်သည်ဟု JCB က ကိုယ်စားပြုမည် မဟုတ်သလို အာမခံချက်လည်း ပေးမည် မဟုတ်ပါ။

၇။အလုံးစုံစိတ်ချထား၍မရမှု

သင်သည် ဤဆိုက်ကို အသုံးပြုမှုအတွက် မိမိတာဝန်မိမိယူရမည်ဖြစ်ပြီး ဆိုက်တွင်ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို ရယူအသုံးပြုမှုကြောင့် ဖြစ်လာသော ပြဿနာ၊ ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုများအတွက် JCB တွင် တာဝန်မရှိစေရပါ။

၈။ဆိုက်ကို ယာယီဆိုင်းငံ့ထားခြင်းနှင့် တင်ထားသော အကြောင်းအရာများကို ပြောင်းလဲထားခြင်း

JCB သည် ဆိုက် လည်ပတ်မှုကို ယာယီဆိုင်းငံ့ သို့မဟုတ် ရပ်တန့်ပိုင်ခွင့်ရှိသလို ဆိုက်တွင် ထုတ်ပြန်ပေးသော အကြောင်းအရာများကိုလည်း အခါအားလျော်စွာ ပြောင်းလဲပိုင်ခွင့်ရှိသည်။ ဆိုက် လည်ပတ်မှုကို ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်တန့်ခြင်း သို့မဟုတ် ဆိုက်တွင် ထုတ်ပြန်ပေးသော အကြောင်းအရာများကို ပြောင်းလဲခြင်းများကြောင့် ဖြစ်ရသော ပြဿနာ သို့မဟုတ် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုများအတွက် JCB တွင် တာဝန်မရှိစေရပါ။

၉။ပေးရန်တာဝန်ကို ကန့်သတ်ခြင်း

ဥပဒေက အပြည့်ဝဆုံးအတိုင်းအတာအထိ ခွင့်ပြုထားချက်အရ JCB သည် သင့်ကြောင့်ဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ အကျိုးအမြတ်ဆုံးရှုံးမှု၊ စိတ်ကောင်းစေတနာပျက်ယွင်းမှု၊ လုပ်ငန်းဂုဏ်သိက္ခာညှိုးနွမ်းမှု၊ အချက်အလက်ဆုံးရှုံးမှု သို့မဟုတ် အစားထိုးကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများအား ငွေကုန်ကြေးကျခံ၍ ဝယ်ယူရမှုများအပါအဝင် သွယ်ဝိုက်၍ဖြစ်သော၊ ထူးခြားသော၊ အကျိုးဆက်ဖြစ်သော၊ သို့မဟုတ် ဒဏ်ခတ်သောအားဖြင့် ဖြစ်ရသော မည်သည့်နစ်နာဆုံးရှုံးမှုမဆိုအတွက် ယင်းကဲ့သို့သော နစ်နာဆုံးရှုံးမှုရှိလာနိုင်သည့် အလားအလာကို JCB သို့ အသိပေးထားစေကာမူ တာဝန်ယူမှုဆိုင်ရာ သဘောတရားတစ်ရပ်ရပ်အရ နစ်နာဆုံးရှုံးမှုများအတွက် JCB တွင် တာဝန်မရှိစေရ။

၁၀။လွှမ်းမိုးသည့်ဥပဒေနှင့် စီရင်ပိုင်ခွင့်အာဏာ

ဤဆိုက်ကို အသုံးပြုခြင်း၊ စည်းကမ်းချက်များတည်ဆောက်ခြင်းနှင့် အသုံးပြုခြင်းများကို ဂျပန်နိုင်ငံ၏ဥပဒေက လွှမ်းမိုးရမည်။ ဤဆိုက်ကို အသုံးပြုမှုမှ ပေါ်ပေါက်လာသည့် မည်သည့်အငြင်းပွားမှု သို့မဟုတ် ကိစ္စရပ်မဆိုနှင့် စပ်လျဉ်း တိုကျိုခရိုင်တရားရုံး၏ သီးသန့်စီရင်ပိုင်ခွင့်ကို တရားရေးလုပ်ငန်းစဉ်အဦးအစအဖြစ် လက်ခံရန် သင့်ဘက်က သဘောတူပါသည်။

၁၁။ပယ်ထုတ်နိုင်ခြင်း

စည်းကမ်းချက်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် အချို့သော အကြောင်းများကြောင့် တရားဝင်ခြင်းမရှိ သို့မဟုတ် အကျိုးသက်ရောက်ရန် မဖြစ်နိုင်ဟု စီရင်ပိုင်ခွင့်အာဏာရှိတရားရုံးက ဆုံးဖြတ်ပါက အဆိုပါဆုံးဖြတ်ချက်သည် ကျန်ရှိသော ပြဋ္ဌာန်းချက်များအပေါ် မည်သည့်နည်းနှင့်မှ သက်ရောက်ခြင်းမရှိစေဘဲ အပြည့်အဝအကျိုးသက်ရောက်နေပါမည်။

ဆိုက်ကို ဝင်ရောက်အသုံးပြုခြင်း

အောက်တွင်ဖော်ပြထားသော သင့်စက်အတွက် အကြံပြုထားသော OS/ဘရောင်ဇာကို ပေါင်းသုံးပါ။

(As of April 18, 2025)

Device types OS Browser
PC Windows 10,11 Microsoft Edge
Windows 10 Google Chrome
Firefox
Mac OS 15 Safari
Smartphone
(excluding tablets)
Android OS 14,15 Standard smartphone browser
iOS (iPhone) 17,18
  • *

    စမတ်ဖုန်းသုံး၍ အချို့လုပ်ဆောင်ချက်များသို့ ဝင်ရောက်သောအခါ PC ဗားရှင်းကို မြင်ရနိုင်သည်။ သို့သော်လည်း ၎င်းသည် ပြသမှု မှန်ကန်ခြင်းမရှိနိုင်ပါ သို့မဟုတ် အချို့အခြေအနေများတွင် လုံးဝမမြင်ရခြင်း ဖြစ်နိုင်သည်။

  • *

    တက်ဘလက်များတွင် PC ဗားရှင်းကို မြင်ရမည်ဖြစ်သော်လည်း ပြသမှု မှန်ကန်ခြင်းမရှိနိုင်ပါ သို့မဟုတ် အချို့အခြေအနေများတွင် လုံးဝမမြင်ရခြင်း ဖြစ်နိုင်သည်။

  • *

    တစ်ခါတစ်ရံမှာ မျက်နှာပြင်ကို မှန်မှန်ကန်ကန်မဖော်ပြနိုင်သလို၊ ကောင်းကောင်းအလုပ်မလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ၎င်းသည် သင်အသုံးပြုနေသော ဘရောင်ဇာနှင့် OS နှစ်ခုကြောင့်၊ လုံခြုံရေးဆော့ဖ်ဝဲကြောင့် သို့မဟုတ် သင်၏ ကွန်ရက်ချိတ်ဆက်မှုကြောင့် ဖြစ်နိုင်သည်။ (ဝဘ်ဆိုက်ကို နောင်မှ သို့မဟုတ် အခြားတည်နေရာမှ ဝင်ရောက်ခြင်း၊ သင့်စက်၏ ယာယီမှတ်ဉာဏ် (cache) ကို ရှင်းလင်းခြင်း သို့မဟုတ် သင့်စက်ကို ပိတ်ပြီးပြန်ဖွင့်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းကောင်းဖြေရှင်းနိုင်သည်။)

  • *

    ပံ့ပိုးသော စက်လည်ပတ်စနစ်များနှင့် ဘရောင်ဇာတိုင်းကို ဒေါင်းလုဒ်လုပ်ပြီး ထည့်သွင်းခြင်းအကြောင်း အသေးစိတ်အတွက် ထိုဘရောင်ဇာ၏ သက်ဆိုင်ရာဝဘ်ဆိုက်ကို ရည်ညွှန်းပါ။

Plug-in များ

ဤဝဘ်ဆိုက်သည် အောက်ပါ Plug-in များကို သုံးစွဲပါသည်။ Download မလုပ်ရသေးပါက အောက်ရှိ Plug-in ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါ။ Plug-in ကို အကြောင်းကြားချက်တစ်စုံတစ်ရာမရှိဘဲ ပြောင်းလိုက်နိုင်ပါသည်

Adobe Acrobat Reader Get Adobe Acrobat Reader