JCB PLAZA
JCB PLAZAသည် ကမ္ဘာအရပ်ရပ်တွင် ရရှိနိုင်သည့် နိုင်ငံရပ်ခြားဝန်ဆောင်မှုကောင်တာဖြစ်သည်။ JCB PLAZA ဝန်ထမ်းများသည် JCB Merchant များထံတွင် Reservation များပြုလုပ်ခြင်း၊ သင့်ခရီးစဉ်နှင့် စပ်လျဉ်းပြီး သင့်ဘက်က မေးလာနိုင်သည့် မည်သည့်မေးခွန်းကိုမဆို ဖြေကြားပေးခြင်းများကို လှိုက်လှိုက်လှဲလှဲကူညီဆောင်ရွက်ပေးနေပါသည်။
JCB PLAZA Lounge

JCB PLAZA Lounge သည် အထင်ကရမြို့ကြီးများတွင်တည်ရှိပြီး JCB ကတ်ကိုင်ဆောင်ထားသူများလွတ်လွတ်လပ်လပ်အနားယူနိုင်သော နေရာဖြစ်သည်။ JCB PLAZA Lounge တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးသည်။
- *
JCB PLAZA Lounge ကိုအောက်ပါ ဘာသာစကားများဖြင့် ရရှိနိုင်ပါသည်။ အင်္ဂလိပ် (ဟိုနိုလူလူ၊ ဂူအမ်၊ စင်ကာပူ၊ ပါရီ၊ ဆိုးလ်၊ ဟောင်ကောင်၊ ဘန်ကောက်) / တရုတ် (တိုင်ပေ၊ ဟောင်ကောင်) / ဂျပန်စာ (JCB PLAZA Lounge အားလုံး)
- *
သင့်နိုင်ငံ သို့မဟုတ် နေထိုင်ရာဒေသတွင် ထုတ်ပေးထားသော JCB ကတ် ရှိပါက သင်သည် ယင်းနိုင်ငံ သို့မဟုတ် ဒေသရှိ JCB PLAZA Lounge ကို အသုံးပြုနိုင်မည် မဟုတ်ပါ။
ဝန်ဆောင်မှုများ
![]()
သတင်းအချက်အလက်
အကြံပြုထားသည့် JCB ကုန်သည်များနှင့် ဒေသန္တရ ခရီးသွားလုပ်ငန်း/ခရီးသတင်းအချက်အလက်များကို ရှာကြည့်ပါ။
![]()
ကြိုတင်စာရင်းသွင်းမှုများ
ဟိုတယ်၊ စားသောက်ဆိုင်၊ စိတ်ကြိုက်ခရီး၊ လက်မှတ်မျိုးစုံနှင့် အခြားအရာများကို ကြိုတင်စာရင်းသွင်းမှာယူပါ။ *၁
![]()
အရေးပေါ်ဝန်ဆောင်မှုများ
JCB ကတ်ပျောက်ဆုံးမှု သို့မဟုတ် အခိုးခံရမှုများအတွက် အကူအညီ။ *၂
![]()
အင်တာနက်၊ အခမဲ့ ပရင့်ထုတ်ဝန်ဆောင်မှု
![]()
ဝိုင်ဖိုင်အခမဲ့
![]()
ဒေသလမ်းညွှန်စာအုပ်များကို ဖတ်ရှုကြည့်ပါ
![]()
အခမဲ့အအေးများ
![]()
အနှိပ်ခုံများ
![]()
ထီးအငှား ဝန်ဆောင်မှု
![]()
ဝန်စည်စလှယ်များကို တစ်ရက်တာထိန်းသိမ်းပေးခြင်း *၃*၎
- *၁
အချို့သော ဝန်ဆောင်မှုများကို ဒေသခံခရီးသွားအေဂျင်စီများက တာဝန်ယူ သို့မဟုတ် ပံ့ပိုးနိုင်ပါသည်။ စာရင်းသွင်းမှာယူမှုများကို JCB ၏ လက်အောက်ခံစတိုးဆိုင်များအတွက်သာ ပြုလုပ်ပေးခြင်းဖြစ်ပါသည်။
- *၂
အရေးပေါ်အစားထိုးကတ်များကို JCB PLAZA ရှိရာ နေရာများတွင် ထုတ်ယူ၍ရနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက သင့်ကတ်ကို ထုတ်ပေးခဲ့သည့် ကုမ္ပဏီကို ဆက်သွယ်ပါ။
- *၃
အဖိုးတန်ပစ္စည်းများနှင့် ပြေစာများအပါအဝင် အချို့သော အရာများကို လက်ခံမည်မဟုတ်ပါ။
- *၎
Congestion ကြောင့် ဝန်စည်စလှယ်များကို လက်မခံနိုင်သည့် သို့မဟုတ် လက်ခံပေးနိုင်သည့် ဝန်စည်စလှယ်အရေအတွက်ကို ကန့်သတ်သည့် အခါလည်းရှိကောင်းရှိနိုင်ပါသည်။
အထက်ပါစာရင်းတွင် ဖော်ပြပါရှိသည်များအပြင် အခြားသော မူလဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးပါသည်။ အသေးစိတ်သိရှိလိုပါက JCB PLAZA Lounge သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။
- *
ဝန်ဆောင်မှုပါအကြောင်းအရာများသည် ပြောင်းလဲနိုင်ပါသည်။
- *
JCB PLAZA သို့ ဖုန်းခေါ်ဆိုလျင် သို့မဟုတ် လာရောက်လျင် သင့် JCB ကတ်ကို တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။