Universal Studios Japan
Universal VIP Experience
~PRIVATE TOUR~

ဤအထူးအစီအစဉ်သည် ဂျပန်နိုင်ငံပြင်ပတွင် ထုတ်ပေးသော ကတ်များကို ကိုင်ဆောင်ထားသူများအတွက်ဖြစ်သည်။
သီးသန့်ဖြစ်ပြီး မိသားစုလိုက်လည်ပတ်ရန် သင့်လျော်သော အပန်းဖြေဥယျာဉ်၏ အဆင့်မြင့်ဝန်ဆောင်မှုကို ခံစားကြည့်လိုက်ပါ။
ဦးစားပေးဝယ်ယူခွင့်လက်မှတ်များကို နေ့စဉ်ရရှိနိုင်ပါသည်။
သင့်အတွက် သီးသန့်ခရီးစဉ်ဖြင့် သင်နှစ်သက်ရာ ကစားရန်နေရာများသို့ ဦးစားပေးဝင်ရောက်ခွင့်ကို ရယူပါ။

- *
Universal Studios Japan Universal VIP Experience ~PRIVATE TOUR~ (၈ နာရီခန့်)
ဦးစားပေးဝယ်ယူခွင့်လက်မှတ်များအကြောင်း အနှစ်ချုပ်
JCB အဖွဲ့ဝင်များအတွက် ဦးစားပေးဝင်ခွင့်ဖြင့် Universal Studios Japan တွင် နေရာအနှံ့ လည်ပတ်လိုက်ပါ။
JCB အဖွဲ့ဝင်များအတွက် သီးသန့် ဦးစားပေး ဝင်ခွင့်လက်မှတ်ဖြင့် မမေ့နိုင်စရာ လုံးဝသီးသန့်ဖြစ်သော VIP ခရီးစဉ်ကို ရယူခံစားလိုက်ပါ။
သင်နှစ်သက်ရာ ကစားရန်နေရာများသို့ ဦးစားပေးသွားရောက်ခွင့်အပါအဝင် သင်၏လည်ပတ်မည့်အစီအစဉ်ကို သင်တောင်းဆိုသည့်အတိုင်း စိတ်ကြိုက်စီစဉ်ပေးနိုင်ပါသည်။
သီးသန့်ဧည့်လမ်းညွှန်က သင့်တစ်နေ့တာကို လုံးဝ အမှတ်ရစရာဖြစ်အောင် ကူညီပေးပါမည်။
ခရီးစဉ် အကျိုးခံစားခွင့်များ
- ခရီးစဉ်တွင် ပါဝင်သူများအတွက် သီးသန့် အထူးဝင်ပေါက်မှ ပန်းခြံထဲဝင်ခွင့်
- သင့်သီးသန့်ဧည့်လမ်းညွှန်က ခရီးစဉ်ကို သင့်အတွက် သီးသန့်ရေးဆွဲပေးခြင်း
- သင်နှစ်သက်ရာ ကစားရန်နေရာများသို့ အတိုဆုံးလမ်းကြောင်းများ၊ ဦးစားပေး ဝင်ခွင့်များဖြင့် လမ်းပြပေးခြင်း
- သီးသန့်စားသောက်ဆိုင်များတွင် အဆင့်မြင့်နေ့လယ်စာနှင့် ညစာများ တည်ခင်းဧည့်ခံခြင်း
- ရာသီအလိုက် ပွဲတော်များနှင့် ပြပွဲများသို့ လမ်းပြပေးခြင်း
- အမှတ်တရဓာတ်ပုံများရိုက်ခြင်းနှင့် ဂိမ်းဝင်ဆော့ကစားခြင်းများကဲ့သို့သော နောက်ထပ်အကျိုးခံစားခွင့်များကို ရွေးချယ်ခွင့်ရှိခြင်း
- အခမဲ့ကားရပ်နားခွင့်အပါအဝင် အပိုအကျိုးခံစားခွင့်အမျိုးမျိုးကို ရယူခံစားခြင်း
အခြေခံသတင်းအချက်အလက်
| ခရီးစဉ်အမည် | Universal Studios Japan Universal VIP Experience ~PRIVATE TOUR~ (၈ နာရီခန့်) |
|---|---|
| JCB အဖွဲ့ဝင်များအတွက် သီးသန့် ဦးစားပေးဝယ်ခွင့်လက်မှတ်များ |
တနင်္လာမှ သောကြာ- တစ်ရက် အဖွဲ့ ၂ ဖွဲ့ စနေ၊ တနင်္ဂနွေ၊ ဂျပန်အစိုးရရုံးပိတ်ရက်များနှင့် အားလပ်ရက်ကာလများ- တစ်ရက် အဖွဲ့ ၁ ဖွဲ့ ခရီးစဉ် စတင်ချိန်- နံနက် ၉:၃၀ သို့မဟုတ် ၁၀:၀၀ နာရီ (ဂျပန်အချိန်) *ခရီးစဉ်စတင်ချိန်သည် ဝင်ရောက်သည့်နေ့အပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ *တစ်ဖွဲ့လျှင် အများဆုံးလူ ၁၀ ဦး။ |
| သီးသန့်ဧည့်လမ်းညွှန်လိုက်ပါပေးမည့်ကြာချိန် | ၈ နာရီခန့် |
| ဈေးနှုန်း |
လူ ၁ ဦးမှ ၅ ဦးအထိပါသော အဖွဲ့ ၁ ဖွဲ့လျှင်- ၂၉၈,၀၀၀ ယန်းမှ ၃၉၈,၀၀၀ ယန်းအထိ (အခွန်အပါအဝင်) *လူ ၁ ဦးမှ ၃ ဦးအထိပါသော အဖွဲ့အတွက်လည်း ထိုဈေးနှုန်းပင်ဖြစ်သည်။ လူ ၅ ဦးမှ ၁၀ ဦးအထိပါသော အဖွဲ့ ၁ ဖွဲ့လျှင်- ငါးဦးမြောက်မှစ၍ လူတစ်ဦးလျှင် ၇၄,၅၀၀ ယန်းမှ ၉၉၉,၅၀၀ ယန်းအထိ ထပ်ပေါင်းမည် (အခွန်အပါအဝင်) |
| နောက်ဆုံးဝယ်ယူရမည့်နေ့ | လာရောက်မည့်နေ့မတိုင်မီ ၁၄ ရက်အထိ ကြိုတင်ဝယ်ယူနိုင်သည် |
| မွတ္ခ်က္မ်ား |
*ပန်းခြံထဲ ဝင်ရောက်ခွင့်အတွက် သီးခြား Studio ဝင်ခွင့် သို့မဟုတ် တစ်နှစ်စာဝင်ခွင့် (ဝင်ခွင့်လက်မှတ်) လိုအပ်ပါသည်။ *ဦးစားပေးဝယ်ယူခွင့်လက်မှတ်များကို အားလုံးကုန်သည်အထိ ဦးသူဝယ်စနစ်ဖြင့် နေ့စဉ်ဝယ်ယူနိုင်ပါသည်။ *ပြန်လည်ရောင်းချရန်ရည်ရွယ်၍ ဝယ်ယူခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။ ပြန်လည်ရောင်းချထားကြောင်း အတည်ပြုနိုင်ပါက သက်ဆိုင်ရာလက်မှတ်၏ 2D ဘားကုဒ်အပြင် အဆိုပါပုဂ္ဂိုလ်၏ နောက်နောင်ဝယ်ယူမည့် လက်မှတ်အားလုံးကိုပါ ပယ်ဖျက်ပါမည်။ အခြားသော အခြေအနေများအားလုံးသည် Universal Studios Japan ၏ အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ |
အသုံးပြုပုံ
လက်မှတ်များ ဝယ်ယူခြင်း
၁။ ဦးစားပေးဝယ်ယူခွင့်လက်မှတ်များနှင့် ဝင်ခွင့်လက်မှတ်များကို ဈေးဝယ်လှည်းထဲထည့်ပါ
လက်မှတ်ဝယ်ယူသည့်စခရင်တွင် သင်ရွေးချယ်ထားသော နေ့အတွက် ဦးစားပေးဝယ်ယူခွင့်လက်မှတ်များနှင့် ဝင်ခွင့်လက်မှတ်များကို ဈေးဝယ်လှည်းထဲ ထည့်ပါ။
- *
သင့်တွင် Studio ဝင်ခွင့် သို့မဟုတ် တစ်နှစ်စာဝင်ခွင့်လက်မှတ် ရှိပြီးဖြစ်ပါက နောက်ထပ်ဝင်ခွင့်လက်မှတ်ကို ဝယ်ရန် မလိုတော့ပါ။
ပြင်ပဝဘ်ဆိုက်တစ်ခုနှင့် ချိတ်ဆက်ထားသည်။
၂။ JCB ကတ်ဖြင့် ငွေပေးချေခြင်း
ဝယ်ယူမှုကို အပြီးသတ်ရန် လက်မှတ်ခများကို JCB ကတ်ဖြင့် ပေးချေပေးပါ။
လည်ပတ်မည့်နေ့တွင် အသုံးပြုပုံ
ပန်းခြံထဲ ဝင်ခြင်း
ပန်းခြံထဲဝင်ရန် သတ်မှတ်ပေးထားသော 2D ဘားကုဒ်ကို စကန်ဖတ်ပါ။
လည်ပတ်မည့်နေ့တွင် လူစုမည့်နေရာ/အချိန်
ခရီးစဉ်တွင် ပါဝင်သူများအတွက် သီးသန့်ထားရှိသော အထူးဝင်ပေါက်မှတစ်ဆင့် ပန်းခြံအတွင်း သီးသန့်ဝင်ရောက်ခွင့်ကို ရယူပါ။
Universal Studios Japan သို့ ရောက်ရှိပါက အဓိကဝင်ပေါက်၏ ဘယ်ဘက်ခြမ်းတွင်ရှိသော VIP ဧည့်ကြိုကောင်တာသို့ ဦးစွာသွားရောက်ပေးပါ။
ပန်းခြံဖွင့်ချိန်မှစ၍ ပန်းခြံအတွင်းသို့ ဝင်ရောက်နိုင်ပါသည်။
ခရီးစဉ်ထွက်ခွာမည့်အချိန်မီ VIP ဧည့်ကြိုကောင်တာသို့ ရောက်ရှိနေကြောင်း သေချာပါစေ။
| ခရီးစဉ်အမည် | Universal Studios Japan Universal VIP Experience ~PRIVATE TOUR~ |
|---|---|
| ခရီးစဉ်အတွက် လူစုမည့်အချိန် | ခရီးစဉ် မစတင်မီ |
| ခရီးစဉ်အတွက် လူစုမည့်နေရာ |
ပန်းခြံထဲ ဝင်ရောက်ပြီးနောက် "VIP ဧည့်ကြိုကောင်တာ" သို့ ဆက်လက်သွားရောက်ပါ။ ဝင်ရောက်ရန်အတွက် သင်၏ 2D ဘားကုဒ်ကို ပြသပါ။ |
မေးလေ့ရှိသော မေးခွန်းများ
ဝယ်ယူပြီးနောက် ဖျက်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသလား။
ဝယ်ထားသူ မလာရောက်နိုင်ပါက ဘွတ်ကင်တင်ထားမှုကို တခြားသူသို့ လွှဲပြောင်းပေး၍ရပါသလား။
ဝင်ခွင့်လက်မှတ်များ ပါဝင်ပါသလား။
အရပ်အမြင့်ကန့်သတ်ချက်များ သို့မဟုတ် အခြားအသုံးပြုမှုဆိုင်ရာ စံနှုန်းများကြောင့် အပျော်ကစားစရာ တစ်ခုကို အသုံးမပြုနိုင်ပါက ၎င်းကို အခြားတစ်ခုနှင့် အစားထိုးနိုင်ပါသလား။
ကလေးတစ်ယောက်တည်း ပါဝင် ဆော့ကစား၍ ရပါသလား။
★JCB IS AN OFFICIAL MARKETING PARTNER OF UNIVERSAL STUDIOS JAPAN.
HARRY POTTER and all related characters and elements © & TM Warner Bros. Entertainment Inc. Publishing Rights © J.K. Rowling.
MINIONS TM & © 2026 Universal Studios. TM and © 2026 Sesame Workshop
© Walter Lantz Productions LLC TM & © 2026 Universal Studios. All rights reserved. CR26-1544