ကတ်ကိုင်ဆောင်အသုံးပြုမှု
သတိပေးချက်

သင့်အကြွေးဝယ်ကတ် (Credit Card) သည် သင့်ဘဝအတွက် အရေးကြီးသော လက်တွဲဖော်ဖြစ်သည်။ သင့်ကတ်ကို မသုံးမီ စိတ်ချရစေရန် သုံးပုံသုံးနည်းကို ပြန်လေ့လာပါ။

သင့် JCB ကတ်ကို မသုံးမီ

သင့် JCB ကတ်ကို မသုံးမီ ကတ်ကျောဘက်တွင် သင့်လက်မှတ်ပါမပါ စစ်ကြည့်ပါ။

သင့် JCB ကတ်ကို လက်ခံရရှိပြီးနောက်တွင် ကတ်၏ကျောဘက်သို့လှန်ကြည့်ပါ။ သင့် JCB ကတ်နှင့် သင်၏ခရီးလမ်းသည် "လက်မှတ်" ဟု တံဆိပ်တပ်ထားသည့် အကွက်ထဲတွင် သင့်လက်မှတ်ကိုထိုးခြင်းဖြင့် အစပြုပါသည်။ မမေ့ပါနှင့်။

card

သင်သုံးနေသော ကတ်သည် သင့်ကိုယ်ပိုင်ကတ်ဖြစ်ကြောင်း သက်သေပြရန် သင့်လက်မှတ်ကို တောင်းဆိုလာပါလိမ့်မည်။ *၁ ရိုးရှင်းလွန်းသော သို့မဟုတ် အခြားသူများက တုပရန် လွယ်လွန်းသော လက်မှတ်မျိုးမဖြစ်အောင် ကြိုးစားပါ။ ထူးခြားပြီး ပြိုင်စံကင်းကာ သင်သာလျှင် ထိုးတတ်သည့် လက်မှတ်မျိုးဖြစ်နေပါစေ။

  1. *1

    IC Chip မြုပ်ထားသည့် JCB ကတ်ကို IC ကတ်ဖြင့် ကိုက်ညီမည့် Terminal ရှိရာ စတိုးဆိုင်တွင် သုံးမည်ဆိုပါက လက်မှတ်အစား သင့် PIN နံပါတ်ကိုပေးရန် ပြောလာပါမည်။

    IC ကတ်များအကြောင်းs[အင်္ဂလိပ်ဘာသာဖြင့်သာ]

  2. *2

    သင့် JCB ကတ်ကို အင်တာနက်တွင် ဈေးဝယ်ရန်အတွက် သုံးသည့်အခါတွင် ကတ်လုံခြုံရေးကုဒ်ကို ရိုက်ထည့်ရန် လိုအပ်နိုင်ပါသည်။ သင့်လုံခြုံရေးကုဒ်သည် သင့်ကတ်ကျောဘက်ရှိ လက်မှတ်အကွက်အပေါ်တွင် ရိုက်နှိပ်ထားသည့် ဂဏန်း ၇ လုံးအနက်မှ နောက်ဆုံး ၃ လုံးဖြစ်ပါသည်။

သင့်ကတ်ပေါ်ရှိ အမည်နှင့် ကတ်သက်တမ်းကုန်မည့် ရက်ကို စစ်ဆေးပါ။

ကတ်ပေါ်ရှိ နာမည်နှင့် သင့်နာမည်တစ်သဝေမတိမ်းတူညီနေပါစေ။ သင့်ကတ်သည် မည်သည့်အချိန်အထိ တရားဝင်နေဦးမည်ကို သက်တမ်းကုန်မည့် ရက်က ဖော်ပြပေးပါမည်။

  • *

    သင့်ကတ်သည် သက်တမ်းကုန်မည့်ရက် တွင် ဖော်ပြထားသည့် လ၏နောက်ဆုံးနေ့အထိ တရားဝင်နေဦးပါမည်။

    ဥပမာ- *သင့်ကတ်၏ သက်တမ်းကုန်ရက်သည် "၀၃/၂၀" ဖြစ်ပါက သင့်ကတ်ကို ၂၀၂၀ ခုနှစ် မတ်လနောက်ဆုံးရက်အထိ သုံးရနေဦးပါမည်။

သင့်ကတ်သည် ပျက်စီးလွယ်ပါသည်။ ဂရုတစိုက် ကိုင်တွယ်ထိန်းသိမ်းပါ။

သင့်ကတ်ကျောဘက်ရှိ Magnetic Stripe သည် သင့်ကတ်ပါ အချက်အလက်များကို သိုလှောင်ပြီး ငွေပေးငွေယူကိစ္စများကို အွန်လိုင်းမှစီမံဆောင်ရွက်ပေးသည့် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပါသည်။ အစင်းနေရာ ပျက်စီးသွားပါက သင့်ကတ်ကိုသုံးမရဖြစ်သွားပါမည်။ သင့်ကတ်ကို အားပြင်းသည့် မည်သည့်သံလိုက်အနီးတွင်မှ မထားပါနှင့်။ သင့်ကတ်ကို ကွေးခြင်း၊ ခြစ်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ပျက်စီးစေခြင်းများကို မပြုလုပ်မိပါစေနှင့်။

သင့်ကိုယ်ပိုင်ကတ်ကို သင်တစ်ဦးတည်းသာ သုံးနိုင်ပါစေ။

သင့်ကတ်၏တန်ဖိုးသည် ကို သင်တစ်ဦးတည်း သုံးရနိုင်သည့်အပေါ် မူတည်သည်။ သင့်ကတ်ကို အခြားသူတစ်ဦးတစ်ယောက်သို့ ငှားလိုက်ပါက သူ/သူမ၏လုပ်ရပ်များအတွက် သင့်ဘက်က အပြည့်အဝတာဝန်ယူပေးရပါမည်။ ဥပမာ - သင့်ကတ်ကို သင့်မိသားစုဝင်များထံသို့ ငှားရန်ကိုပင် သင့်အားခွင့်ပြုမပေးထားပါ။

သင့် PIN နံပါတ်ကို ဂရုစိုက်ထိန်းသိမ်းပါ။

သင့် PIN နံပါတ်သည် မရိုးမဖြောင့်သူများထံမရောက်စေရန် သေချာထိန်းသိမ်းပါ။

သင့်ကတ်ကို သင့်ပင်နံပါတ်ရေးမှတ်ထားသော နေရာတွင် မထားပါနှင့်။ သင့်မွေးနေ့၊ အိမ်/ Mobile ဖုန်းနံပါတ် သို့မဟုတ် သင့် PIN နံပါတ်ဖြစ်လောက်သည်ဟု မှန်းဆရလွယ်စေသည့် မည်သည့်နံပါတ်ကိုမှ မပေးပါနှင့်။ သင့် Mobile ဖုန်း၊ စာတိုက်ပုံး၊ ဗီရို၊ သို့မဟုတ် ရှိနှင့်ပြီး PIN နံပါတ်ကို မပေးမိအောင် ကြိုးစားပါ။

သင့် PIN နံပါတ်ကို မည်သူ့ကိုမျှမပြောပါနှင့်။

JCB ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ရဲအဖွဲ့ သို့မဟုတ် အခြားမည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမှ သင့် PIN နံပါတ်ကို ဖုန်းနှင့်ဖြစ်စေ၊ အီးမေးလ်မှတစ်ဆင့်ဖြစ်စေ တောင်းမည် မဟုတ်ပါ။

အောက်ပါ PIN အမျိုးအစားများသည် မှန်းဆရလွယ်သောကြောင့် သင့်ကတ်နှင့်အတူ အခြားမည်သည့်ပုဂ္ဂိုလ်ရေးဆိုင်ရာ စာတမ်းအထောက်အထားများပါ ဆုံးရှုံးသွားနိုင်ပါသည်။ ထို့ကြောင့် မသုံးရန် အကြံပြုပါသည်။

  • သင့်မွေးနေ့ဂဏန်းများ ပါနေသည့် နံပါတ်များ

  • သင့်ဖုန်းနံပါတ်ပါ ကိန်းဂဏန်းများ (အိမ်၊ အလုပ်၊ Mobile)

  • သင့်လိပ်စာပါ ကိန်းဂဏန်းများ (ဘလောက်အမှတ်၊ လမ်းအမှတ်စသည်။)

  • ဂဏန်းတူ လေးလုံးဆက်တိုက်ထားခြင်းမျိုး (ဥပမာ- ၁၁၁၁၊ ၅၅၅၅ စသည်)

သင့် PIN နံပါတ်ပြောင်း/စစ်ဆေးနည်း

သင့် PIN နံပါတ်ကို ပြောင်း သို့မဟုတ် စစ်ဆေး လိုလျှင် သင့် JCB ကတ်ကိုထုတ်ပေးသည့် ကုမ္ပဏီထံ ဆက်သွယ်ပါ။

  • *

    ကတ်ထုတ်ဝေသည့်အချို့သော ကုမ္ပဏီများသည် PIN နံပါတ်မပါသော သို့မဟုတ် PIN နံပါတ်ပြောင်းမရသော ကတ်များကို ထုတ်ပေးတတ်သည်။