CEO MESSAGE

President & Chief Executive Officer, Vice Chairman, JCB Co., Ltd. JCB International Co., Ltd. Ichiro Hamakawa

CEO MESSAGE

ငွေပေးချေမှုဈေးကွက်သည် ပြောင်းလဲလာသည့် Customer လိုအပ်ချက်များ၊ နည်းပညာတိုးတက်မှုများနှင့်အတူ လုံးလုံးလျားလျားပြောင်းလဲနေပြီဖြစ်သည်။ နည်းပညာသစ်များသည်လည်း Customer များအတွက် အတွေ့အကြုံအသစ်စက်စက်များကို ဖန်တီးပေးမည့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းသစ်များပေါ်ထွန်းလာရေးအတွက် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ငွေပေးချေမှုလုပ်ငန်းနယ်ပယ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အလွန့်အလွန်အရေးပါသည့် ကဏ္ဍတစ်ရပ်ကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ငွေရေးကြေးရေးဆိုင်ရာ ဖြည့်သွင်းမှုကို ချဲ့ထွင်နိုင်စေရန်အတွက် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများကို လူများစုလက်လှမ်းမီစေရန် ဖန်တီးဖော်ဆောင်လျက်ရှိပါသည်။

JCB သည် ကျွန်ုပ်တို့ Customer များ၏ အစဉ်ပြောင်းလဲနေသည့် လိုအပ်ချက်များနှင့် မျှော်မှန်းချက်များကို အဆင်ပြေလွယ်ကူပြီး ဆွဲဆောင်မှုရှိသည့် Product နှင့် ဝန်ဆောင်မှုများနှင့် ဖြည့်ဆည်းပေးလာခဲ့သည်မှာ ဂျပန်မှ သုံးစွဲသူများအကြားတွင် အကြွေးဝယ်ကတ်အသုံးပြုမှုတွင်ကျယ်လာအောင် ဆောင်ရွက်ခဲ့သည့် လွန်ခဲ့သော အနှစ် ၅၀ ကာလကတည်းကပင်ဖြစ်သည်။ JCB သည် ၁၉၈၁ ခုနှစ်တွင် ကမ္ဘာအနှံ့ဖြန့်ကြက်သည့် အာရှပထမဆုံး ငွေပေးချေမှုကွန်ရက်ဖြစ်လာသည်။ JCB အမှတ်တံဆိပ်သည် ထိုအချိန်မှစ၍ တိုးတက်လာပြီး အမျိုးမျိုးသော ဝန်ဆောင်မှုများကို ပံ့ပိုးပေးရင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ရှေ့ဆောင်နာမည်တစ်လုံးဖြင့် ရပ်တည်နိုင်ခဲ့ပါသည်။ အနာဂတ်တွင်လည်း ကျွန်ုပ်တို့၏ အာရှဈေးကွက်စီးပွားရေးလုပ်ငန်းကို ကျွန်ုပ်တို့၏မိတ်ဘက် (Partners) များ၊ လုပ်ငန်းရှင်များနှင့် Customer များနှင့်လက်တွဲပြီး ချဲ့ထွင်နိုင်ရန် ဆက်လက်၍အဓိကထားလုပ်ဆောင်သွားပါမည်။

ကျွန်ုပ်တို့သည် Customer များ၏ လျင်မြန်စွာပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စေမည့် Product နှင့် ဝန်ဆောင်မှုအသစ်များကို ပံ့ပိုးပေးနိုင်စေရန်အတွက် နောက်ဆုံးပေါ်နည်းပညာရပ်များကို အကျိုးရှိရှိ အသုံးချခြင်းများအပြင် ထွက်ပေါ်လာသည့် အခွင့်အလမ်းသစ်များအား လုပ်ဆောင်ပေးနိုင်စွမ်းများကို ပြသပေးခြင်းအားဖြင့် လမ်းသစ်များပေါ်လာစေရန် ကြိုးပမ်းလျက်ရှိပါသည်။

အိချိရို ဟာမာကာဝါ

ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်
JCB Co., Ltd. နှင့် JCB International Co., Ltd.